
High Level Programming Language အကြောင်း အပိုင်း(၁) သူ့အကြောင်းအကြမ်းဖျဉ်းကိုတော့ ပြီးခဲ့တဲ့ post မှာရေးသားခဲ့ပြီးဖြစ်ပါတယ်။ အခုသူ့အကြောင်းလေးကို အသေးစိတ် အပိုင်းလိုက်ပုံလေးများနှင့်ခွဲပြီး ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ တစ်စုံတစ်ခု အမှားပါခဲ့ပါက ကျွန်တော်၏ ပညာမပြည့်ဝမှုနှင့်ပေါ့လျော့မှုဟုသာ ယူဆပေးပါရန်နှင့် ကျွန်ုပ်၏ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတို့နှင့်မသက်ဆိုင်ပါကြောင်းပြောကြားရင်း စ လိုက်ကြရအောင်ပါ… သမိုင်းကြောင်း High Level Programming Language တွေက ၁၉၅၀ ခုနှစ်နောက်ပိုင်းမှစတင်၍ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ ပထမဆုံး High Level Programming Language ကတော့ Fortran programming ဖြစ်ပြီး ၁၉၅၄ ခုနှစ်မှာ စတင်စမ်းသပ်ခဲ့ပြီး ၁၉၅၇ ခုနှစ်မှာ စတင်၍ သုံးစွဲနိုင်ခဲ့ပါတယ်။ ယနေ့အချိန်အထိ High Level Programming Language ပေါင်း (၇၀၀) ကျော် ရှိနေပြီဖြစ်ပါတယ်။ လူသိအများဆုံး High Level Programming Language များ၊ စတင်လေ့လာသင်ယူဖို့ သင့်တော်သော High Level Programming Language များ နှင့် ၎င်းတို့၏ အနာဂတ်တွင်ဆက်လက်ရပ်တည်နေနိုင်မှုများ ...