ဘာလို့ programming သင်သင့်တာလဲ?

 ကွန်ပျုတာဘာလို့သင်တာလဲဆိုတဲ့မေးခွန်းအတွက်တော့ ယနေ့ခတ်မှာ အဖြေမျိုးစုံရှိနေပြီဖြစ်ပေမဲ့ ဘာလို့ programming ရေးသာခြင်း တစ်နည်း software ရေးနည်းကို လေ့လာသင်ယူသင့်တာလဲ ဆိုတဲ့မေးခွန်းအတွက် အနည်းငယ်အဖြေပေးပါရစေ။ အချက်အလက်တစ်ခုချင်းအလိုက် အပိုင်းလိုက်​ဖြေကြားပေးသွားပါမယ်ခင်ဗျာ..

၁။ အသုံးချဖို့ဖြစ်နိုင်လို့ ( စီးပွားရှာလို့ရပါတယ်)

ဟုတ်ကဲ့ တစ်ခြားနည်းလမ်းနဲ့စီးပွားရှာရတာထက် ပိုပြီး အောင်မြင်ရင်အောင်မြင်သလောက် မျှော်လင့်ခွင့်ရှိပါတယ်။ ဆိုကြပါစို့ လူကြီးမင်းတို့ဖန်တီးထားတဲ့ software တစ်ခုကိုသာ လူ သိန်းဂဏန်းလောက်ပဲ အသုံးပြုပြီဆိုရင်ကိုပဲ..... နားလည်ပြီးသားကိစ္စမို့အကျယ်မပြောတော့ပါဘူး။ 

ပြန်ဆက်စပ်ရရင် hardware ပစ္စည်းအသစ်ကိုထုတ်လို့ အောင်မြင်ရင်ရော မရဘူးလားလို့ ဒီနေရာမှာမေးစရာရှိပါတယ်။ ရပါတယ်ဗျ။ ဒါမဲ့ တစ်ခုပဲ မြန်မာပြည်မှာတော့ ဘာပစ္စည်းမှ အသစ်ထွင်လို့မရပါဘူး စီးပွားဖြစ်။ ဘာလို့ဆို တရုတ်နဲ့အရမ်းကပ်နေလို့ပါ၊ ကျွန်တော်တို့ထွင်မယ့်ပစ္စည်းတွေက သူတို့ဆီမှာ ကလေးတွေလက်တည့်စမ်းပြီးနေလောက်ပါပြီ ဘာလို့လဲဆိုတော့ IT အခြေခံအဆောက်အဦ၊ IT စက်ရုံအလုပ်ရုံလုံးဝမရှိတဲ့နေရာကနေ ဘာပစ္စည်းအသစ်မှ တောင်းဆိုလို့မရလို့ပါ။ ကျေးဇူးပါဗျ။

( တစ်နိုင်တစ်ပိုင်တီထွင်ဖန်တီးနေကြသော ပုဂ္ဂိုလ်များရှိသော်လည်း အရမ်းနည်းပါတယ်ဗျ, မိမိတို့ လိုချင်တဲ့ ပုံစံကို ဈေးချိုချိုနဲ့ရဖို့ဆိုရင်တော့ တရုတ်ဖြစ်တွေကပဲ ရွေးချယ်စရာဖြစ်နေစဲဆိုတာ နည်းပညာနယ်ပယ်က စမ်းသပ်ဖူးသူတိုင်းသိပြီးသားဖြစ်မှာပါ) 

မိမိပို့စ်သည် Software နှင့် hardware ကို ရန်တိုက်ပေးသော ပိုစ့်မဟုတ်ပဲ စေတနာဖြင့်သာ ဆိုသည်ကိုတော့...

နောက်အပိုင်းတွေမှာ ပြန်ဆုံပါရစေခင်ဗျ။ မေတ္တာဖြင့် ကျွန်တော် ကိုဖြိုးပါခင်ဗျ။

Comments