High Level Programming Language အကြောင်း အပိုင်း(၁)

 

     သူ့အကြောင်းအကြမ်းဖျဉ်းကိုတော့ ပြီးခဲ့တဲ့ post မှာရေးသားခဲ့ပြီးဖြစ်ပါတယ်။ အခုသူ့အကြောင်းလေးကို အသေးစိတ် အပိုင်းလိုက်ပုံလေးများနှင့်ခွဲပြီး ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ တစ်စုံတစ်ခု အမှားပါခဲ့ပါက ကျွန်တော်၏ ပညာမပြည့်ဝမှုနှင့်ပေါ့လျော့မှုဟုသာ ယူဆပေးပါရန်နှင့် ကျွန်ုပ်၏ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတို့နှင့်မသက်ဆိုင်ပါကြောင်းပြောကြားရင်း စ လိုက်ကြရအောင်ပါ…

 

သမိုင်းကြောင်း

     High Level Programming Language တွေက ၁၉၅၀ ခုနှစ်နောက်ပိုင်းမှစတင်၍ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ ပထမဆုံး High Level Programming Language ကတော့ Fortran programming ဖြစ်ပြီး ၁၉၅၄ ခုနှစ်မှာ စတင်စမ်းသပ်ခဲ့ပြီး ၁၉၅၇ ခုနှစ်မှာ စတင်၍ သုံးစွဲနိုင်ခဲ့ပါတယ်။ ယနေ့အချိန်အထိ High Level Programming Language ပေါင်း (၇၀၀) ကျော် ရှိနေပြီဖြစ်ပါတယ်။ လူသိအများဆုံး High Level Programming Language များ၊ စတင်လေ့လာသင်ယူဖို့ သင့်တော်သော High Level Programming Language များ နှင့် ၎င်းတို့၏ အနာဂတ်တွင်ဆက်လက်ရပ်တည်နေနိုင်မှုများ စသည့်အကြောင်းအရာများကို ထပ်မံဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

 

လူသိအများဆုံး High Level Programming Language များ

     နှစ်အလိုက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ လေ့လာမှတ်သားရလွယ်ကူစေရန်ဖြစ်ပါတယ်။

၁၉၅၀ မှ ၁၉၆၀ ကြား ပထမကာလအပိုင်းအခြား-

·       Fortran (1957)

·       Algol 58 (1958)

·       Lisp (1958)

၁၉၆၀ မှ ၁၉၇၀ ကြား ဒုတိယကာလအပိုင်းအခြား-

·       Alogl 60 (1960)

·       JOSS (1966)

·       B programming (BCPL) (1967)

·       Simula (1967)

၁၉၆၀ မှ ၁၉၇၀ ကြား တတိယကာလအပိုင်းအခြား-

·       Pascal (1970)

·       Prolog (1972)

·       C (Basic C) Programming (1972)

·       Scheme (1975)

·       SQL (1978)

၁၉၇၀ မှ ၁၉၈၀ ကြား စတုတ္ထကာလအပိုင်းအခြား-

·       C++ (1980)

·       Common LISP (1984)

·       Objective C (1986)

·        Perl (1987)

၁၉၈၀ မှ ၁၉၉၀ ကြား ပဉ္စမကာလအပိုင်းအခြား-

·       Visual Basic (1991)

·       Python (1991)

·       Java (1995)

·       JavaScript (1995)

·       Ruby (1995)

·       PHP (1995)

·        Delphi (1995)

 

၁၉၉၀ မှ ၂၀၀၀ ကြား ဆဌမကာလအပိုင်းအခြား-

·       C# (2001)

·       Visual Basic .Net (Vb.net) (2001)

·       CoffeeScript (2003)

·       Scala (2003)

·       Clojure (2007)

 

၂၀၀၀ မှ ၂၀၁၀ ကြား သတ္တမကာလအပိုင်းအခြား-

·       Dart (2001)

·       Swift (2014)

·       Hack (2014)

·        TypeScript (2014)

 

အခုပြောသွားတဲ့အထဲမှာ မပါပေမဲ့ တစ်ခြား လူသိများတဲ့ High Level Programming Language များ လည်းရှိပါသေးတယ်ခင်ဗျား။ ကျွန်တော့်ရဲ့ရှာဖွေမှုမှာ အမှားတစ်စုံတစ်ရာ ပါဝင်ခဲ့ရင်လည်း ထောက်ပြပေးဖို့ တောင်းဆိုပါရစေ။


Comments