သာယာချမ်းမြေ့တဲ့နေ့ရက်လေးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးရင်း -

ဒီနေ့ပြောပြပေးမဲ့ အကြောင်းလေးကတော့ About Computer Programming အကြောင်းလေးပဲဖြစ်ပါတယ်။

Programming Language level များ သို့မဟုတ် Programming Language အမျိုးအစားများ

·        Machine Language

·        Assembly Language

·        High level Language

(တချို့ကတော့နှစ်ခုပဲလို့လည်း ရေးသားကြပါတယ် ၊ ဟုတ်ပါတယ် နှစ်ခုပဲလို့လည်းပြောလို့ရပါတယ်)

ဘာလို့လဲ????

Machine Language

Assembly Language နှစ်ခုလုံးကို ပေါင်းပြီး Low Level Programming Language (or) LLP လို့ တစ်နည်း ပြန်ပြီးစုဖွဲ့ထားပါတယ်။

ဆိုတော့

1.     Low Level Programming Language (or) LLP

2.    High Level Programming Language (or) HLP လို့လည်း မှတ်ယူလို့ရသလို တစ်နည်းအားဖြင့်  နှစ်မျိုးပဲ ရှိတယ်လို့လည်းပြောလို့ရပါတယ်။


အဲ့တော့ ဘယ်သူကပိုမြင့်လဲ? ပိုခက်လဲ?

အလွယ်ဖြေရရင်တော့ Machine Language က လေ့လာသင်ယူဖို့အခက်ဆုံးနဲ့ အမြင့်ဆုံးလို့ပြောလို့ရပါတယ်။ ဒုတိယက Assembly Language ၊ နောက်ဆုံးက High level Language ပေါ့ဗျာ။ (လာရောက်ဆွေးနွေး သင်ပြပေးလို့လည်းရပါတယ်)

ဟုတ်ကဲ့ တစ်ခုချင်းအကြောင်းကို ဆွေးနွေးကြည့်ရအောင်ဗျ… 

ကဲ ဆိုတော့ဆက်ပြောကြရအောင်ပါ။
 
Low Level Programming Language (or) LLP နှင့် High Level Programming Language (or) HLP
          ပထမဆုံး စာလေးနည်းနည်းရှာဖက်ကြည့်ရအောင်ဗျ
Programmers can easily understand or interpret or compile the high level language in comparison of machine. On the other hand, Machine can easily understand the low level language in comparison of human beings.
မူရင်းအတိုင်းကိုပြန်ပေးရရင် Programmers တွေက စက်နဲ့ယှဉ်ရင် (ကွန်ပျူတာ၊ အခြားပစ္စည်းများ) high level language ကို ပိုနားလည်လွယ်တယ်၊ အသုံးပြုရလွယ်တယ်။ ဒါမဲ့ စက်ဘက်ကကျတော့ low level language ကို လူထက်ပိုနားလည်တယ်။ ဟုတ်ကဲ့ အလွယ်ပြောရရင် high level language တွေ အလုပ်လုပ်ဖို့အတွက် က ကြားကနေ စက်နားလည်အောင်ပြန်လည်ပြုပြင်ပေးတဲ့ Software‌ တွေလိုအပ် ပါတယ်။ အဲ့တော့ဘာဖြစ်လဲဆိုတော့ ပိုကြာတာတို့ Memory ပိုအသုံးပြုရတာတို့ စတဲ့ ပြဿနာလေးတွေ ရှိတယ်ဆိုပါတော့။ Low Level Programming Language (or) LLP မှ ကျ စက်ဘက်က တိုက်ရိုက် နားလည်တာမို့ ချက်ချင်းဆောင်ရွက်နိုင်ပါတယ်။ အိုကေ ကိစ္စမရှိပါဘူး မိတ်ဆွေက ဘာကိုလေ့လာချင် လဲပဲ အရေးကြီးတာပါ။
ဒါမဲ့ Low Level Programming Language (or) LLP ကိုလေ့လာဖို့အတွက် High Level Programming Language အခြေခံရယ် Theory တချို့ရယ်၊ ကွန်ပျူတာ(သို့) platform တစ်ခုရဲ့ တည်ဆောက်ပုံကို တော့သိထားမှပဲ လေ့လာရအဆင်ပြေနိုင်ပါမယ်။ မဟုတ်ရင်တော့ ဒါလိုချင် ဒါရေးဘဝက မတက်ပဲ ဖြစ်သွားနိုင်ပါတယ်မိတ်ဆွေ။
အောက်မှာရေးပေးထားတဲ့ Programming တွေက Low Level Low Level Programming Language (or) LLP လေ့လာမဲ့လူတွေသင်ယူသင့်ပါတယ်.
1.     Machine code
2.     Assembly language

 ဆိုတော့ ကျန်တဲ့ programming တွေက High Level Programming Language (or) HLP တွေပဲများပါတယ်။ ခုနောက်ပိုင်း Half Level Programming Language ဆိုပြီးရေးသားလာတာတွေ တွေ့ရပါတယ်။ ဆိုလိုချင်တာက High Level Programming Language (or) HLP မက Low Level Programming Language (or) LLP မကျ ပေါ့ခင်ဗျ။ 





Comments