ကွန်ပျူတာအကြောင်း

 


ကွန်ပျူတာ မည်ကဲ့သိုဖြစ်လာသနည်း?

            ကွန်ပျူတာ(တွက်ချက်သူ) ဆိုသောစကားလုံး၏ မူရင်းအခေါ်အဝေါ်သည် များစွာ စိတ်ဝင်စားဖို့ကောင်းပါသည်။ကွန်ပျူတာဟူသောအသုံးအနှုန်းအား (၁၆)ရာစုတွင် လူတစ်ယောက်သည် တွက်ချက်မှုပြုလုပ်ရာတွင် အသုံးပြုခြင်းကြောင့် တွက်ချက်သူဟု ပြောဆို ခဲ့ရာမှ ယနေ့အချိန်အထိ အသုံးပြုခေါ်ဆိုနေကြခြင်းဖြစ်ပါသည်။


၁၉ ရာစုကျော်လွန်လာပြီးနောက်ပိုင်းတွင် ကွန်ပျူတာဆိုသော စကားသည် တွက်ချက်သူ ဟူသော အဆင့်မှ အမျိုးမျိုးသောတွက်ချက်မှုပေါင်းစုံအား ပြုလုပ်နိုင်သော စက်ပစ္စည်းတစ်ခု အဖြစ် လက်ခံလာခဲ့ကြပါသည်။ ယနေ့ခေတ်တွင် ကွန်ပျူတာဟူသည် လူတို့လိုချင်သည့် ပုံစံအတိုင်း (သက်ဆိုင်ရာအသုံးချဆော့ဖ်ဝဲလ်များအသုံးပြု၍) လိုက်ပါဆောင်ရွက်ပေးနိုင်သော ဒီဂျစ်ဒယ်ပစ္စည်းတစ်ခုအဖြစ်သို့ ပြောင်းလဲလာခဲ့ပြီဖြစ်ပါသည်။

ကွန်ပျူတာ၏သမိုင်းကြောင်း

            ၁၈၂၂ ခုနှစ်တွင် ကွန်ပျူတာ၏ဖခင်ဟု တင်စားခေါ်ဆိုထိုက်သော Charles Babbage (ချားလက်စ် ဘက်ဗက်ဂျ်) သည် ပထမဆုံးသော အသုံးချနိုင်သောကွန်ပျူတာကို တီထွင် နိုင်ခဲ့ပါတယ်။ သို့သော် ၁၈၃၃ ခုနှစ်အရာက်မှသာ လက်တွေ့အသုံးဝင်သော တွက်ချက်မှုများကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ထိုကွန်ပျူတာထဲတွင် (ALU system, arithmetic logic unit)  ကို စတင်အသုံးပြုနိုင်ခဲ့ပါတယ်။ Memory(မှတ်ဉာဏ်) ထည့်သွင်းတပ်ဆင်ခြင်းကို စတင်စဉ်းစား မိခဲ့ပြီး ထည့်သွင်းအသုံးပြုနိုင်ခဲ့ပါတယ်။

            အမျိုးမျိုးတီထွင်စမ်းသပ်အသုံးပြုရင်း ၁၉ ရာစုအရောက်တွင် ပထမဆုံးသောမျိုးဆက်    ကွန်ပျူတာ( First Generation) ကို တီထွင်နိုင်ခဲ့ပါတယ်။ သူ့ကိုတစ်နည်းအားဖြင့် ENIAC လို့လည်း ခေါ်ဆိုခဲ့ကြပါတယ်။ Electronic Numerical Integrator and Computer ဟုခေါ်ဆိုသော ထိုကွန်ပျူတာသည် လျှပ်စစ်စွမ်းအင်အားအသုံးပြုလျက် ကိန်းဂဏန်းများအား ပိုမိုမြန်ဆန်စွာ တွက်ချက်ပေးနိုင်ခဲ့ပါတယ်။ ထိုပထမမျိုးဆက်ကွန်ပျူတာအား တီထွင်ခဲ့သူများ မှာ John W. Mauchly and J.Presper Eckert တို့ဖြစ်ကြပါတယ်။ ထိုခေတ်ကွန်ပျူတာများသည် ၁၈ရာစု ကွန်ပျူတာများထက် ပိုမိုသေးငယ်လာပြီး ပိုမို၍လည်း မြန်ဆန်စွာအလုပ် လုပ်ဆောင်လာနိုင်ခဲ့ပါတယ်။ ပထမဆုံးသော စားပွဲတင်ကွန်ပျူတာ (laptop) ကို ၁၉၈၁ ခုနှစ်တွင် ပေါ်ပေါက်နေခဲ့ပြီဖြစ်ပါသည်။

ကွန်ပျူတာ၏ မျိုးဆက်များ

            စတင်တီထွင်အသုံးပြုခဲ့သောအချိန်မှစ၍ ယနေ့အချိန်ထိ ကွန်ပျူတာမျိုးဆက်ပေါင်း () ဆက်အထိ ရှိခဲ့ပါတယ် -

၁။        ပထမမျိုးဆက် -         (၁၉၄၀ - ၁၉၅၅)  ၎င်းကွန်ပျူတာများသည် machine language (စက်နားလည်သောဘာသာစကား တစ်နည်းအားဖြင့် program များ စတင်ထည့်သွင်းရေးဆွဲ နိုင်သောဘာသာစကား)low level programming များကို တီထွင်အသုံးပြုနိုင်ခဲ့ပါပြီ။ ထုထည်အားဖြင့်တော့ ကြီးမားနေကြ စဲဖြစ်ပြီး (ပြွန်ချောင်းများနှင့် လျှပ်စစ်စီးဆင်းစေသောသတ္ထုများသည် ကြီးမားနေ၍) မှတ်ဉာဏ်များနှင့် ဆက်စပ်ပစ္စည်းများလည်း အသုံးပြုနေကြပြီဖြစ်ပါတယ်။




၂။        ဒုတိယမျိုးဆက် -       transistors များဖြင့် ပြွန်ချောင်းများနေရာတွင် ပြောင်းလဲပြုပြင်၍ အစားထိုး စတင်သုံးစွဲလာသောခေတ်ဖြစ်ပါတယ်။ ပိုမိုသေးငယ်ရုံသာမက အမြန်နှုန်းနှင့် အကျိုးရှိစေမှုကိုလည်း အထောက်အကူပြုနိုင်ခဲ့ပါတယ်။ ၁၉၅၅-၁၉၆၀ အကြားတွင်ဖြစ်ပါတယ်။



၃။        တတိယမျိုးဆက် -     ဆားကစ်ပြားများအား ပူးတွဲ(ပေါင်းစပ်)တပ်ဆင်လျက် အသုံးပြု နိုင်သောခေတ်ဖြစ်ပါတယ်။ (၁၉၆၄ - ၁၉၇၁)



၄။        စတုတ္ထမျိုးဆက် -       သေးငယ်၍ လူ့ဦးနှောက်ကဲ့သို့ စဉ်းစားတွက်ချက် လုပ်ဆောင်နိုင် သော microprocessors များပေါ်ပေါက်လာသောခေတ်ဖြစ်ပါတယ်။ (၁၉၈၀ နောက်ပိုင်း နှစ်များ) လူအများကျယ်ပြန့်စွာအသုံးပြုလာကြပါပြီ(ဖွံ့ဖြိုးပြီးနိုင်ငံများတွင်)high level languages များလည်းတွင်ကျယ်စွာ ရေးသားသုံးစွဲလာကြပြီဖြစ်ပါတယ်။ ဥပမာ (C++ and Java)



၅။        ပဉ္စမမျိုးဆက် -           ယနေ့ခေတ်ကွန်ပျူတာမျိုးဆက်ဖြစ်ပါတယ်။ artificial intelli- gence (လူသား၏ဉာဏ်ရည်ကဲ့သို့ သင်ယူမှတ်သား၍ ဆက်စပ်လုပ်ဆောင်ပေးနိုင်သော စွမ်းရည်) ကဲ့သို့သော ဆောင်ရွက်မှုများအား လုပ်ဆောင်ပေးနိုင်သော ကွန်ပျူတာများ ဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းအလုပ်အများအပြားအား ဆုံးဖြတ်ချက်များချမှတ်ပေးနိုင် ရုံသာမက သေးငယ်၍ ကျစ်လစ်သောဒီဇိုင်းဖွဲ့စည်းပုံများဖြစ်လာပြီး လူသားများအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ် အနာဂတ်တိုင်အောင်အကျိုးဆက်လက်ဖြစ်ထွန်းစေမည့် မျိုးဆက် ဖြစ်ပါတယ်။



                                                                                                source form (internet)

Comments