ကွန်ပျူတာအကြောင်း

ကွန်ပျူတာ မည်ကဲ့သိုဖြစ်လာသနည်း ? ကွန်ပျူတာ ( တွက်ချက်သူ ) ဆိုသောစကားလုံး၏ မူရင်းအခေါ်အဝေါ်သည် များစွာ စိတ်ဝင်စားဖို့ကောင်းပါသည်။ “ ကွန်ပျူတာ ” ဟူသောအသုံးအနှုန်းအား ( ၁၆ ) ရာစုတွင် လူတစ်ယောက်သည် တွက်ချက်မှုပြုလုပ်ရာတွင် အသုံးပြုခြင်းကြောင့် တွက်ချက်သူဟု ပြောဆို ခဲ့ရာမှ ယနေ့အချိန်အထိ အသုံးပြုခေါ်ဆိုနေကြခြင်းဖြစ်ပါသည်။ ၁၉ ရာစုကျော်လွန်လာပြီးနောက်ပိုင်းတွင် ကွန်ပျူတာဆိုသော စကားသည် တွက်ချက်သူ ဟူသော အဆင့်မှ အမျိုးမျိုးသောတွက်ချက်မှုပေါင်းစုံအား ပြုလုပ်နိုင်သော စက်ပစ္စည်းတစ်ခု အဖြစ် လက်ခံလာခဲ့ကြပါသည်။ ယနေ့ခေတ်တွင် ကွန်ပျူတာဟူသည် လူတို့လိုချင်သည့် ပုံစံအတိုင်း ( သက်ဆိုင်ရာအသုံးချဆော့ဖ်ဝဲလ်များအသုံးပြု၍ ) လိုက်ပါဆောင်ရွက်ပေးနိုင်သော ဒီဂျစ်ဒယ်ပစ္စည်းတစ်ခုအဖြစ်သို့ ပြောင်းလဲလာခဲ့ပြီဖြစ်ပါသည်။ ကွန်ပျူတာ၏သမိုင်းကြောင်း ၁၈၂၂ ခုနှစ်တွင် ကွန်ပျူတာ၏ဖခင်ဟု တင်စားခေါ်ဆိုထိုက်သော Charles Babbage ( ချားလက်စ် ဘက်ဗက်ဂျ် ) သည...