About Training Centre

Magway Software House Training Centre

Magway Software House Training Centre

 

စတင်ပေါ်ပေါက်လာခြင်း

          ကုမ္ပဏီအလုပ်ဆက်လက်လုပ်ကိုင်လိုခြင်းမရှိတော့တာကြောင့် တစ်ခြားအလုပ်လည်း မလုပ်တတ်တာနဲ့ပဲ နီးစပ်ရာလူငယ်များကို ပညာဒါန(အခမဲ့) သင်တန်းလေးပြန်လုပ်ပေးရင်းနဲ့ပဲ ၂၀၂၁ (ဇွန်လ ၂၀ ) ကနေ စပြီး သင်တန်းလေးတွေ အခကြေးငွေနဲ့ သင်ပေးဖြစ်ခဲ့ပါတယ်။

ရည်ရွယ်ချက်

ကျွန်တော့်တုန်းက လေ့လာဖို့ ခက်ခဲ့တဲ့ကိစ္စတွေကို လွယ်လွယ်ကူကူနဲ့လေ့လာ ဆွေးနွေးနိုင်စေရန်ပါ။ သင်တန်းကြေးကို မြင်ရုံနဲ့တင် ကျွန်တော်ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်မယ်ထင်ပါတယ်။

ဘာလက်မှတ်ပေးမှာလဲ?

          သင်တန်းပြီးဆုံးကြောင်းလက်မှတ် (ဒါကပြီးရင်ပြီးရောဆိုတဲ့ စာမေးပွဲမဖြေလို အခုလည်းမသုံးဘူး အကြောင်းကြောင်းကြောင့် တက်ရုံပဲဆိုတဲ့ ညီငယ်,ညီမငယ်များအတွက်ပါ။)

          သင်တန်းအောင်လက်မှတ် (ကုမ္ပဏီအသိအမှတ်ပြု, စာမေးပွဲဖြေရပါမယ်, google classroom သို့မဟုတ် တစ်ခြား application များဖြင့် သက်ဆိုင်ရာ Assignements (လေ့ကျင့်ခန်းများ) ကို ပြုလုပ်ရပါမယ်……

နေရာနှင့်အခြေအနေ

          ကျွန်တော့်အိမ်မှာပဲ အဆင်ပြေအောင် အတတ်နိုင်ဆုံးလေးလုပ်ပြီး သင်ပေးခဲ့ပါတယ်။ နောက်ပိုင်း covid 19 တတိယလှိုင်းကြောင့် လိုင်းပေါ်ကနေတဆင့်လည်း သင်ကြားပေး ဖြစ်ခဲ့ပါတယ်။ အဲ့လိုနဲ့ အခုလိုမျိုး Website based learning platform လေးတစ်ခုကို ရေးရင်းနဲပဲ သင်တန်းပုံစံလေးကို ဆန်းသစ်ဖြစ်ခဲ့ပါတယ်။

 

ဘာတွေသင်ပေးဖြစ်လဲ?

          တကယ်ကတော့ ဒီပညာရပ်တွေက လေ့လာရတာပေါပါတယ် နယ်ပယ်အစုံကနေ ပုံစံမျိုးစုံနဲ့လေ့လာနိုင်ပါတယ်။ ဒါမဲ့ တချို့နေရာလေးတွေက အယူအဆလေးတွေက လက်တွေ့မှာ အသုံးဝင်တာရှိသလို လုပ်ဖို့မဖြစ်နိုင်သေးတာလေးတွေကို ပိုပြောပြဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံတွေ၊ တခြားသင်ဆရာ၊မြင်ဆရာ၊ကြားဆရာတွေရဲ့ စကားတွေ၊ ဆောင်ရန် ရှောင်ရန်တွေကို ပြန်ပြောတတ်သလို၊ ဘယ်လိုလေ့လာသင့်ပါတယ်၊ ဘယ်လို လေ့လာရင်တော့ အဆင်မပြေဘူး စသည်ဖြင့် အကိုတစ်ယောက်က ညီငယ်, ညီမငယ်များ ကို ပြောပြတဲ့ပုံစံလေးနဲ့ပဲ သင်ပေးဖြစ်ပါတယ်….

တတ်ကျွမ်းလွန်းလို့မဟုတ်ပါဘူး အတတ်နိုင်ဆုံးစေတနာထားပြီး ကျွန်တော်သိခဲ့တဲ့ ပညာလေးတွေကို အလွယ်ကူဆုံးနဲ့ ညီငယ်,ညီမငယ်တို့ကို မျှဝေခဲ့၊ ပေးခဲ့ရုံတင်ပါ..

          

ဘာတွေလုပ်လို့ရမလဲ? ဘာတွေရမလဲ?

          အနည်းဆုံးတော့ နည်းပညာနယ်ပယ်က အကြောင်းလေးတွေပိုသိ ပိုလေ့လာရ လွယ်ကူလာစေမှာပါ။ ကျွန်တော့်တို့ငယ်ငယ်က တအံ့တဩကိစ္စတွေက ညီတို, ညီမတို့ခေတ်မှာ အလွယ်တကူလေ့လာရုံတင်မကတော့ပဲ လက်တွေ့လိုက်ပါတီထွင်ဆန်းသစ်စေနိုင်မဲ့ အတွေး မျိုးတွေ၊ ခွန်အားမျိုးတွေ ရရှိစေမှာပါ။ အကိုတစ်ယောက်လို တိုင်ပင်လို့ရပါတယ် သူငယ်ချင်းတစ်ယောက်လို ဆွေးနွေးလို့ရပါတယ်။ 

                                                                အားလုံးကိုကျေးဇူးတင်ပါတယ်။

Comments